ကြို့ပင်ကောက်မြို့တွင် အသက်(၅)နှစ်မှ(၁၁)နှစ်ထိ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer (Orange Cap) ဆက်လက်ထိုးနှံ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer (Orange Cap) ထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက (IELC နှင့် Kids Of Future) ကိုယ်ပိုင်မူကြိုကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။