ဗန်းမော် နိုဝင်ဘာ ၂၁
ဗန်းမော်ခရိုင် ဗန်းမော်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဗန်းမော်ခရိုင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က “ကော်မတီအနေဖြင့် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်မှု အားနည်းကြောင်း၊ ကော်မတီအဖွဲ့ဝင်များအားလုံး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းများကို သာမန်ဆောင်ရွက်နေ၍ မရဘဲ မိမိ၏ လုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့် အားထည့်စုပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် နောင်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကော်မတီဝင်များက လစဉ်ဆောင်ရွက်ကြရန်” အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းကိစ္စရပ်များနှင့် လိုအပ်ချက်များကို အကြံပြု ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်