ချမ်းမြသာစည်မြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် လမ်းဘေးရေမြောင်းများ ရေစီရေလာကောင်းမွန်ရေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိ စစ်ကိုင်း လမ်းခွဲ‌ဒေါင့်မှ ရတနာပူရပြတိုက်နှင့် မဟာမုနိဘုရားကြီးအရှေ့ဘက်မုဒ်အထိ မြောင်းအတွင်းနွံစာများဆယ်ယူပြီး မန္တလေးမြို့တော်သာယာလှပ‌စေရန်ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပုလောမြို့နယ်၊ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာအုပ်စု၌ ဆင်းသုခ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျောက်လုံးကြီးကျေးရွာအုပ်စု ကွင်းအမှတ် (၇.ခ)၊  ဦးပိုင် အမှတ်(၈၈)ရှိတောင်သူ ဦးကွန်ပဲ၏ ဆင်းသုခစပါးစိုက်ခင်း (၆.၆) ပေ အတွင်းရိတ်သိမ်းခဲ့ရာ ဆင်းသုခစပါး တင်းအစိုထွက်နှုန်း(၉၆)တင်းနှုန်းထွက်ရှိကြောင်း စိုက်ပျိုး ရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။

ကျွန်းစုမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့(B.Ed) စာပေးစာယူ(၂/၂၀၂၂)  ပထမနှစ် စာမေးပွဲအား သင်တန်းသား၊ သင်တန်းသူများ အေးချမ်းစွာဝင်ရောက်ဖြေဆို

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးမြို့ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့(B.Ed) စာပေးစာယူ (၂/၂၀၂၂) ပထမနှစ် စာမေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကောလိပ်ရှိ စာသင်ခန်းမများ၌ ဆက်လက်ကျင်းပပြုလုပ်ရာ သင်တန်းသား/သင်တန်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

လှိုင်းဘွဲမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေများဖြင့် စိုက်ပျိုးသွားမည့် နေကြာစိုက်ခင်းအတွက် တောင်သူများ မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုး

ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်အတွင်းရှိကျေးရွာများ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည် ရန်ပုံငွေများဖြင့် နေကြာပင်မှ နေကြာဆီထုတ်လုပ်နိုင်ရေးအတွက်  တောင်သူများ အနေဖြင့် မိုးစပါးရိတ်သိမ်းပြီးနောက်မြေကြီး  အစိုဓါတ်ရှိနေချိန်များတွင်နေကြာပျိုးပင် မျိုးစေ့ချနိုင်ရေး လယ်ထွန်စက်များအသုံးပြု၍ ထယ်ထိုး၊ ထွန်မွှေ၊ မြေပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နည်းပညာတက္ကသိုလ် ( ရတနာပုံဆိုက်ဘာစီးတီး ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ  နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီး တီး) ၏  ၂၀၂၂ - ၂၀၂၃  ပညာသင်နှစ် မောင်မယ်သစ်လွင်များအား နွေးထွေးစွာကြိုဆိုမိတ်ဆက်ပွဲကို  ယနေ့နံနက်ပိုင်းက ပြင်ဉီးလွင်မြို့နယ်၊ သုံးတောင် ကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

မိတ္ထီလာမြို့နယ်တွင် ဆည်ရေသောက်တောင်သူများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုဖြင့် ဆည်ရေကို အညီအမျှခွဲဝေအသုံးပြုနိုင်ရန် ရေစီမံခန့်ခွဲမှုဆိုင်ရာနည်းပညာပံ့ပိုးမှုနှင် ရေအသုံးချသူများအဖွဲ့(WUG) ညှိနှိုင်းပေါင်းစပ် တွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ချောင်းကောက်ဆည်ရေသောက်စနစ် ရေစီမံခန့်ခွဲမှုဆိုင်ရာနည်းပညာပံ့ပိုးမှုနှင့် ရေအသုံးချသူများအဖွဲ့ ညှိနှိုင်းပေါင်းစပ်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီ ၃၀မိနစ်အချိန်က ကွက်ငယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့ စျေးကြီးရပ်ကွက်တွင် ဆီနှင့်ကြက်ဥများ စျေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့၊ စျေးကြီးရပ်ကွက်တွင် ပြည်သူများအား စားသုံးဆီနှင့် ကြက်ဥများကို သက်သာသော ဈေးနှုန်းဖြင့် ယမန်နေ့ နံနက်(၉)နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက လဟာပေါက်ကျေးရွာအုပ်စု ကွင်းအမှတ် (၂၃၇/က) ဦးပိုင်အမှတ် (၈၉) တောင်သူ ဦးအုန်းလွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to