ဗန်းမော် နိုဝင်ဘာ ၂၂
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ် အတွဲ-၁၉၊ အမှတ်-၂၂ ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ကာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ဒို့ကျေးရွာဂျာနယ် စာတည်းမှူး ရေးသားသည့် “အသိဉာဏ်ပညာ မြင့်မားခြင်း နှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ခြင်း ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) မှ ဒေါ်စိုးရတနာက“ အာဆီယံသပြေစိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ပုံမှန်ဝင်ငွေရရှိ” သန်းထိုက် (ရေဦး) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက“အဖြစ်များသည့် အစာအိမ်နာရောဂါ” (ထိုက်သူပန်) ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက စာဖတ်ဝိုင်းဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဗန်းမော်