ဂွမြို့တွင်၂၀၂၂ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (၃၃) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက “အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့၊ ကလေးတိုင်း အတွက် ဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်း (၃၃) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဂွမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။