ပြင်ဦးလွင် နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီး တီး) ၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်များအား နွေးထွေးစွာကြိုဆိုမိတ်ဆက်ပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဉီးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဉီးစွာ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး )၏ တာဝန်ခံ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ အောင်ဆန်းလင်းက ဘွဲ့ကြို (ပထမနှစ်) မောင်မယ်သစ်လွင် ကျောင်းသား/သူများ၏ စာသင်ဆောင်ခန်းမများအတွင်းသွားရောက်ကာ နွေးထွေးစွာကြိုဆို မိတ်ဆက်စကားပြောကြားခြင်း၊ ဒုတိယပါမောက္ခချုပ်နှင့်ဌာနမှူးများ၊ ဆရာ/ဆရာမများကလှိုက်လှဲနွေးထွေးစွာ ကြိုဆိုခြင်း၊ အင်ဂျင်နီယာဘာသာ ရပ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ သင်ကြားသင်ယူမှုများ ဆောင်ရွက်ခြင်းနှင့် လက်တွေ့သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး )၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများ သည် နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင်ပြန်/ဆက်)