မြန်အောင်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မြန်အောင် နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက လဟာပေါက်ကျေးရွာအုပ်စု ကွင်းအမှတ် (၂၃၇/က) ဦးပိုင်အမှတ် (၈၉) တောင်သူ ဦးအုန်းလွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင်မြို့နယ်အတွင်း မိုးစပါးအထွက်နှုန်း မှန်ကန်စေရေးအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ ဧရာမင်းစပါးမျိုး (သင့်) အဆင့်အတန်း ကိုယ်စားပြု စပါးအစို အထွက်တင်း တစ်ဧက (၇၆.၁၇) တင်း ထွက်ရှိကြောင် သိရှိရသည်။

မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ မြန်အောင်မြို့နယ် စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။

ဝင်းဗိုလ်