မန္တလေးမြို့ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့(B.Ed) စာပေးစာယူ(၂/၂၀၂၂)  ပထမနှစ် စာမေးပွဲအား သင်တန်းသား၊ သင်တန်းသူများ အေးချမ်းစွာဝင်ရောက်ဖြေဆို

မဟာအောင်မြေ နိုဝင်ဘာ ၂၂

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မန္တလေးမြို့ပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့(B.Ed) စာပေးစာယူ (၂/၂၀၂၂) ပထမနှစ် စာမေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကောလိပ်ရှိ စာသင်ခန်းမများ၌ ဆက်လက်ကျင်းပပြုလုပ်ရာ သင်တန်းသား/သင်တန်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ ပညာရေးဘွဲ့(B.Ed) စာပေးစာယူ ပထမနှစ်စာမေးပွဲကို သင်တန်းသား/သင်တန်းသူ (၇၉၅)ဦးတို့မှ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး စာမေး ပွဲကာလမှာ ၁၈-၁၁-၂၀၂၂ရက်နေ့မှ ၂၃-၁၁-၂၀၂၂ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း