ကျွန်းစု နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွားဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများလျော့နည်းကျဆင်းစေရေးအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပေးနှိုးဆော်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ခေတ္တရဲမှူး ဆန်းထွန်းကမော်တော်ယာဉ် မောင်းနင်သူများနှင့်လိုက်ပါစီးနှင်လာသူများ လိုက်နာရမည့်စည်းကမ်းများအား ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက အသိပညာပေး ဟောပြောမည့် အစီအစဉ်နှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)