မဟာအောင်မြေ နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိ စစ်ကိုင်း လမ်းခွဲဒေါင့်မှ ရတနာပူရပြတိုက်နှင့် မဟာမုနိဘုရားကြီးအရှေ့ဘက်မုဒ်အထိ မြောင်းအတွင်းနွံစာများဆယ်ယူပြီး မန္တလေးမြို့တော်သာယာလှပစေရန်ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ဆောင်ချက်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရေစီးရေလာကောင်းမွန်စေရန်ဆောင် ရွက်ပြီး သန့်ရှင်းရေးဌာနနှင့် လမ်းတံတားဌာနတို့ပူး ပေါင်းကာ ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိ စစ်ကိုင်းလမ်းခွဲဒေါင့်မှ ရတနာပူရပြတိုက်နှင့် မဟာမုနိဘုရားကြီးအရှေ့ဘက်မုဒ်အထိ မြောင်းအတွင်းနွံစာများဆယ်ယူရှင်းလင်းပေးပြီး အများပြည်သူစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရန် နွံစာများ၊အမှိုက်များ၊ ပိတ်ဆို့နေသည့် ပလပ်စတစ်၊ ချုံနွယ်သစ်ပင်များအညစ်အကြေးများအား မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အလှည့်ကျ လမ်းဘေးမြောင်းများကို သန့်ရှင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
အောင်ဇော်မင်း