ပုလောမြို့နယ်၊ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာအုပ်စု၌ ဆင်းသုခ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ပလောက်  နိုဝင်ဘာ  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျောက်လုံးကြီးကျေးရွာအုပ်စု ကွင်းအမှတ် (၇.ခ)၊  ဦးပိုင် အမှတ်(၈၈)ရှိတောင်သူ ဦးကွန်ပဲ၏ ဆင်းသုခစပါးစိုက်ခင်း (၆.၆) ပေ အတွင်းရိတ်သိမ်းခဲ့ရာ ဆင်းသုခစပါး တင်းအစိုထွက်နှုန်း(၉၆)တင်းနှုန်းထွက်ရှိကြောင်း စိုက်ပျိုး ရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရသည်။

အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမြို့ ဦးစီးမှူးဦးသက်လွင်နှင့်ဝန်ထမ်းများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးသော်ဇင်ထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)