လှည်းကူးမြို့ စျေးကြီးရပ်ကွက်တွင် ဆီနှင့်ကြက်ဥများ စျေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ

လှည်းကူး နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့ စျေးကြီးရပ်ကွက်တွင် ပြည်သူများအား စားသုံးဆီနှင့် ကြက်ဥများကို သက်သာသော ဈေးနှုန်းဖြင့် ယမန်နေ့ နံနက်(၉)နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။         

ဒေသနေပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆီနှင့်ကြက်ဥများရောင်းချပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအထောက်အကူပြုရာအိမ်မှူး၊ ဆယ်အိမ်မှူး များက ဒေသခံပြည်သူများ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း လည်းသိရသည်။

ပြည်သူများအားသက်သာသော ဈေးနှုန်းဖြင့် ဆီနှင့် ကြက်ဥများရောင်းချပေးရာတွင်လည်း ဆီတစ်ပိဿာလျှင် ငွေကျပ် (၄၁ဝ) နှုန်းဖြင့် ဆီပိဿာ(၁၁၀)နှင့် ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၁၇)ဖြင့် ကြက်ဥအလုံး(၁၀ဝဝ)ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)