ရန်ကင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား/သူများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဗဟုသုတကြွယ်ဝစေရေး၊ စာအုပ်စာပေနှင့်ပိုမိုရင်းနှီးမှုရှိစေရေးတို့ကိုရည်ရွယ်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀:၀၀နာရီက နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။