မြဝတီခရိုင်၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးထုအကြမ်းဖက်မှုပပျောက်ကင်းစင်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show)ဆောင်ရွက်

မြဝတီ နိုဝင်ဘာ ၂၅

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးထုအကြမ်းဖက်မှုပပျောက်ကင်းစင်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show)ကို ယနေ့နံနက်(၁၁)နာရီအချိန်က ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြဝတီခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက အမျိုးသမီးများရင်ဆိုင်ကြုံတွေ့ရသည့် အကြမ်းဖက်မှုအန္တရာယ်မှ ပပျောက်စေရန်ရည်ရွယ်ချက်ဖြင့် အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ရခြင်းကို ရှင်းလင်းပေးပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူးဒေါ်စမ်းစမ်းအေးက အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုမရှိစေရေးအတွက် ကျား/မတန်းတူအခွင့်အရေးညီမျှမှုရရှိရေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများအခွင့်အရေးမြှင့်တင်ဖော်ဆောင်သည့်လုပ်ငန်းစဉ်များ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် မိမိတို့အသင်းအဖွဲ့အနေဖြင့် ဆောင်ရွက်ရသည့် အသိပညာပေးလုပ်ငန်းများနှင့် အမျိုးသမီးငယ်များ၏ ဘဝရပ်တည်မှုဆိုင်ရာကူညီစောင့်ရှောက်ရေးလုပ်ငန်းတို့ကို အကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း