နောင်တရားမြို့၌ တောင်ယာစပါး စတင်ရိတ်သိမ်း Read more about နောင်တရားမြို့၌ တောင်ယာစပါး စတင်ရိတ်သိမ်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်၌ ဒေသမျိုးစပါးဖြင့် စိုက်ပျိုးသည့် တောင်ယာစပါး စတင်ရိတ်သိမ်း လျက်ရှိကြောင်း သိရသည်။
ဘားအံမြို့၌ Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း စဉ်ဆက်မပြတ်ဆောင်ရွက် Read more about ဘားအံမြို့၌ Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း စဉ်ဆက်မပြတ်ဆောင်ရွက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈) ရပ်ကွက်၊ ရွှေကြက်ဖမီးပွိုင့်အနီး အများပြည်သူသွားလာနေသော လမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ပြင်ဦးလွင်မြို့ အထက (၄) ၌ ကျင်းပ Read more about ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ပြင်ဦးလွင်မြို့ အထက (၄) ၌ ကျင်းပ လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ပြင်ဦးလွင်မြို့ အထက(၄)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ကျားမရေးရာ အခြေပြု အကြမ်းဖက်မှု (၁၆)ရက်တာ လှုပ်ရှားခြင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ Read more about ကျားမရေးရာ အခြေပြု အကြမ်းဖက်မှု (၁၆)ရက်တာ လှုပ်ရှားခြင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရမည်းသင်း မူလတန်းကြိုခန်းမ၌ ယနေ့နံနက်(၁၀)နာရီက အမျိုးသမီးများအပေါ် အကြမ်ဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား/မအခြေပြု အကြမ်ဖက်မှု( GBV) အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဟောပြောပွဲကျင်းပ Read more about တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဟောပြောပွဲကျင်းပ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် ( Community Centre ) ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေးဆွေးနွေးပွဲ (Talk Show) ကျင်းပ Read more about တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် ( Community Centre ) ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေးဆွေးနွေးပွဲ (Talk Show) ကျင်းပ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre ) ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ဆွေးနွေးပွဲ (Talk Show ) ကို ယနေ့နံနက် (၁၀) နာရီက ကျင်းပကြောင်း သိရသည် ။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မွေးကင်းစမှအသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ Read more about ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မွေးကင်းစမှအသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်ကစ၍ အမှတ်(၁၆၈)ရပ်ကွက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ Read more about ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုသည် ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ငပုတောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ကံမမြို့နယ် ရွာသာယာကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး Read more about ကံမမြို့နယ် ရွာသာယာကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၂ နာရီက ကံမမြို့နယ် ရွာသာယာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သာပေါင်း မြို့နယ်အတွင်းရှိ ပြည်သူများ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ဧည့်စာရင်း စစ်ဆေးခြင်းများ စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိ Read more about သာပေါင်း မြို့နယ်အတွင်းရှိ ပြည်သူများ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ဧည့်စာရင်း စစ်ဆေးခြင်းများ စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ ဘဝဘေးကင်း လုံခြုံမှုရှိစေရေးအတွက် နယ်မြေ လုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကာ ဧည့်စာရင်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။