တံတားဦးမြို့ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်ရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကျင်းပ

တံတားဦးခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ညနေ(၄)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပကြောင်း သိရသည်။

နောင်တရားမြို့မဈေး၌ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့မ‌ဈေး၌ နောင်တရားမြို့မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာရေးဌာနတို့ပူးပေါင်း၍ ဈေးအတွင်းရောင်းချနေသည့် ဈေးဆိုင်ခန်းများကို မီးဘေးအန္တရာယ်မကျရောက်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင်း ကြည့်ရူစစ်ဆေးခဲ့သည်။

ကလေးဝမြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းပြပွဲကို ပြုလုပ်ခဲ့သည်။

နမ့်ဆန်မြို့နယ်တွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်သော ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးရေးလုပ်ငန်းကော်မတီ၏ အိမ်တွင်း လျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ပုသိမ်မြို့၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီအချိန်၌ ကျင်းပပြုလုပ်သည်။

ရေဖြူမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဘုရားကြီးရပ်ကွက်မှ မိုးစပါးစံပြကွက်ရိတ်သိမ်း

မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဘုရားကြီးရပ်ကွက်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့မအုပ်စု ကွင်းအမှတ်(၁၃၀၀)၊ ဦးပိုင်အမှတ်(၁၆၄) ရှိ တောင်သူဦးကျောက်ခဲ၏ ဧရာမင်းစိုက်ခင်းအား ရိတ်သိမ်းခဲ့ရာ (၈၅)တင်း နှုန်းထွက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သိရသည်။

သီပေါမြို့နယ် (သီပေါ-ပန်လုံ-မန်စံ-နမ္မတူလမ်း)တွင် AC လမ်းခင်းခြင်းဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် သီပေါ-ပန်လုံ-မန်စံ-နမ္မတူလမ်း(သီပေါ မြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်း(AC)ခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် လမ်းဦးစီးဌာနရုံး ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များ အတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to