မုံရွာမြို့တွင် Mask များ အခမဲ့ဝေငှ၍ စနစ်တကျ တပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေး ဆောင်ရွက်

မုံရွာ၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်  Mask များ အခမဲ့ဝေငှ၍ စနစ်တကျ တပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေးခြင်းများကို စဥ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီမှ ၉ နာရီအထိ   မုံရွာမြို့ ရှူးကြီးရပ်ကွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရှေ့၌ သွားလာသော ပြည်သူများအတွက် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (Mask Campaign) ဆောင်ရွက်မှုတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြိူ့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုဖေ ဦးဆောင်မှုနှင့်အတူ  ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်ပါဝင်သော အဖွဲ့အင်အား (၃၀) ဦး တို့က  ပြည်သူများအား နေအိမ်ပြင်ပ ထွက်ခွာပါက မဖြစ်မနေ Mask များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားခဲ့ပြီး Mask များ မတပ်ဆင်ဘဲ သွားလာနေကြသော ပြည်သူများအား  Mask  (၅၀၀) ခုကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး Mask နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)