ဘိုကလေးပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် နိုဝင်ဘာ(၃)ရက်နေ့မှစတင်၍ တိုင်းရင်းသား ဘာသာစကားသင် ဆရာ/မများ အရည်အသွေးမြှင့် အထောက် အကူပြုဆွေးနွေးပွဲသင်တန်း စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ နံနက်(၉)နာရီတွင် အဆိုပါ သင်တန်းဆင်းပွဲ ကျင်းပရာ သင်တန်းဆင်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။