တောင်တွင်းကြီးမြို့နယ် လိပ်တိုက်ကျေးရွာသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က တောင်တွင်းကြီးမြို့နယ် လိပ်တိုက်ကျေးရွာသို့သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျောက်မဲပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  ကျောင်းများတွင် အသိပညာပေးဟောပြော၊ နံရံကပ်စာစောင်များပြသ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အ.ထ.က(၁)ကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲ(၁၄:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) သင်တန်းဆင်း ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၂)သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်းကာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ လူထုအခြေပြု ဗဟိုဌာနတွင်  စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေနံနက်ပိုင်းက  ကျင်းပပြုလုပ်ခဲ့သည်။

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကေတုမတီမြို့သစ်၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့က  တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတွင်  ကျင်းပသည်။

ကျောက်ဖြူမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ၌ မိုးစပါးစံကွက်(၀.၁၀)ဧကရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကွင်း တောင်သူဦးမောင်ဝေ၏လယ်မြေတွင် ဆောင်ရွက်ခဲ့သည်။

မိုးညှင်းမြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ (၁၁/၂၀၂၂) လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၁၁/၂၀၂၂)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to