ဘီးလင်းမြို့နယ်ရုံး (Community Centre) ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ရုပ်သံရိုက်ကူးတည်းဖြတ်ခြင်း(ဆင့်ပွား)သင်တန်းဖွင့်လှစ်

ဘီးလင်း နိုဝင်ဘာ ၂၅

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရုံးဝန်ထမ်းများအား မိုဘိုင်းဖုန်းဖြင့် ရုပ်သံရိုက်ကူးတည်းဖြတ်ခြင်း(ဆင့်ပွား) သင်တန်းကို  ဖွင့်လှစ်ခဲ့သည်။ သင်တန်းတွင်၊ ဘီးလင်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)၊ ပြည်နယ်နှင့် ခရိုင်ရုံး)များ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် တက်ရောက်သင်ကြားခဲ့ပြီးသည့် ဘီးလင်း​မြို့နယ်ရုံးမှ ဓါတ်ပုံကျွမ်းကျင် (၂) ဝန်ထမ်း ဦးကျော်ထူးနောင် ကသတင်းဗီဒီယိုတစ်ပုဒ်၏ ဖွဲ့စည်းတည်ဆောက်ပုံ ဗီဒီယို၊ ကောင်းတစ်ပုဒ်ဖြစ်ရန် လိုအပ်သည့်အချက်များ၊ မိုဘိုင်းဖုန်းဖြင့် ဗီဒီယို ရိုက်ကူးပုံ၊ တည်းဖြတ်ခြင်းများ၊ နောက်ခံအသံထည့်ခြင်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ဘီးလင်းမြို့နယ်ရုံးမှ  ဝန်ထမ်းများတက်ရောက်ကြပြီး မိုဘိုင်းဖုန်းဖြင့် ရုပ်သံတည်းဖြတ်ခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

ထူးနောင် ဘီးလင်း (ပြန်/ဆက်)