ဒဂုံတောင် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက်(၁၀:၀၀)အချိန်က မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့တက်မြောက်ထားသော အရည်အချင်းများအား အများပြည်သူအကျိုးအတွက် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးကြရန်၊ ယနေ့သင်တန်းကိုအောင်မြင်စွာပြီးဆုံးသည့်အတွက်လည်း များစွာဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသီဟကျော်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်နိုင်ထွန်းနှင့် အရန်မီးသတ်တပ်ခွဲမှူးများတက်ရောက်ခဲ့ကာ သင်တန်းသား(၅၀)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)