ရန်ကင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

ရန်ကင်း နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား/သူများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဗဟုသုတကြွယ်ဝစေရေး၊ စာအုပ်စာပေနှင့်ပိုမိုရင်းနှီးမှုရှိစေရေးတို့ကိုရည်ရွယ်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀:၀၀နာရီက နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်များတွင် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါး၏အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကျန်းမာရေးအသိပညာပေးအကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်များအကြောင်းနှင့် သုတရသစာအုပ်စာစောင်မျိုးစုံ(၈၀)အုပ်တို့အား ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ထို့နောက် ကျောင်းသား/သူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သေချာစွာပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)