မင်းကင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး ပါးစပ်၊ နှာခေါင်းစည်း Mask Campaign ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီခွဲက သလဘာကျေးရွာနှင့် ကျေးတောင်ဦးကျေးရွာလမ်းဆုံ၌ ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။