ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် မြို့နယ်အဆင့် မြန်မာစာနှင့်အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြို့နယ်အဆင့် မြန်မာစာနှင့်အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

မော်လမြိုင်မြို့၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန် တိုးတက်မြင့်မားလာစေရေး စာသင်ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ပညာရေးဌာနှင့် ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော  အနာဂတ် ကြယ်ပွင့်ကလေးငယ်များဘ၀ အလင်းထွန်းတောက်လာစေဖို့ စာသင်ကျောင်းများအရောက် သွားရောက်၍ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ် စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် နို၀င်ဘာလ ၂၈ရက်နေ့ နံနက်ပိုင်းက အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းသို့  သုတ ရသစာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။  

ဟိုပုံးမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူ များ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ရွေးချယ်ရေး ရေးဖြေစာမေးပွဲကို ယနေ့ နံနက် ၉ နာရီ က ဟိုပုံးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ စတင်ဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတေင်မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာ ထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်းနှင့် AVIP သင်တန်း ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးဝန်ကြီးဌာန ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်းနှင့် AVIP သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် စတင်ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် အ.ထ.က(အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန် အ.ထ.က(အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီ အချိန်ခန့်က အခြေခံပညာဦးစီးဌာန၏ စီမံမှုဖြင့် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်၍ ကျင်းပခဲ့ကြောင်းသိရသည်။

အင်းစိန်မြို့နယ်၊‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်း

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
Subscribe to