မော်လမြိုင်မြို့နယ် အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အမှတ် ၉ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျွန်းစုမြို့တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူး၍ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့ပေါ်အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ရန်မနိုင်ကျေးရွာနှင့် ကွမ်းခြံကြီးကျေးရွာများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ထက်အောင် ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ယမန်နေ့က ကျေးရွာများရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရာသီမရွေးသွားလာနိုင်သော လမ်းများအသုံးပြုနိုင်ရေး ကျေးလက်လမ်း(၈၅)မိုင်ခန့်နှင့် ကျေးလက်တံတား(၆၉)စင်း အကောင်အထည်ဖော်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်က တက်ရောက် အမှာစကား ပြောကြားသည်။

ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆို

ရှမ်ပြည်နယ်တောင်ပိုင်း ပအိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆို​ခြင်းကို အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့် အခြေခံပညာ လူရည်ချွန် ရွေးချယ်ခြင်း စာမေးပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ တွင် ပညာသင်ကြားလျက်ရှိကြသော ကျောင်းသား၊ ကျောင်း သူများအား လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာလ ယနေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စတင်ဆောင်ရွက် ပေးလျက် ရှိရာ စာမေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း

မြို့သစ်မြို့နယ်တွင် ခရမ်းချွန်သီးပင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်‌ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တပ်ကုန်းအုပ်စု ထန်းရင်းကျေးရွာတွင် ဟင်းသီးဟင်းရွက် သီးနှံများကို ရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးများ စိုက်ပျိုးခြင်းဖြင့် မိသားစု ဝင်ငွေရရှိနေကြောင်း သိရသည်။ ခရမ်းချွန်စိုက်ပျိုးနိုင်စေရန် မြေကို ထယ်ရေးညက်အောင် ထွန်ယက်ကာ ဘောင်တင်ခြင်း၊ မြောင်းဖော်ခြင်များ ပြုလုပ်ကာ စိုက်ပျိုးရသည်ဖြစ်တဲ့အတွက် အလုပ်သမားငှားမည်ဆိုပါက တစ်နေ့ကို ၆၀၀၀ ကျပ်ဖြင့် ငှားရမ်းလုပ်ကိုင်ရသည် ဖြစ်တဲ့အတွက် ကုန်ကျစရိတ်နည်းပါးခြင်း ကြောင့် အဆိုပါ ခရမ်းချဉ်သီးပင်ကိုစိုက်ပျိုးခြင်း ဖြစ်သည်။

သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ကျောင်းကုန်းကျေးရွာအုပ်စု၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ တွင် ကျောင်းကုန်းကျေးရွာအုပ်စု ပေါက်ကံကွင်းရှိ တောင်သူ ဦးထွန်းထွန်းစိုး၏ လယ်မြေတွင် ဆောင်ရွက်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ချောင်းကူးတံတားအသစ် ပြန်လည်တည်ဆောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ မာဃ(၁၄)လမ်း လမ်းအလယ်၌ ဘိုကလေးမြို့၊ သရက်ချောင်းအတွင်းသို့ စီးဆင်းသော ချောင်းငယ်လေးအားဖြတ်၍ တည်ဆောက်ထားသော ကွန်ကရစ်တံတားသည် ကျဉ်းလွန်းသည်ကတစ်ကြောင်း၊ လူသွားလမ်းကိုလည်း ချဲ့ထွင်ရန်ရှိသည်ကတစ်ကြောင်း၊ ချောင်းကူးတံတား တည်ဆောက် ခဲ့သည်မှာ နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ်သဖြင့်
Subscribe to