ဝါးခယ်မ နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးဝန်ကြီးဌာန ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်းနှင့် AVIP သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် စတင်ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာရွှေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဝါးခယ်မမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) အား ကျေးရွာ(၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါကျေးရွာများအား စီမံချက်ရေးဆွဲနည်းနှင့် AVIP သင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချရာ သင်တန်းသား၊ သင်တန်းသူ (၆) ဦးတက်ရောက်ခဲ့ပြီး ၂၈-၁၁-၂၀၂၂ ရက်နေ့မှ ၂၉-၁၁-၂၀၂၂ ရက်နေ့အထိ (၂)ရက်တာသင်တန်း ဖွင့်လှစ်သင်ကြား ပို့ချမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)