ဟိုပုံး နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူ များ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ရွေးချယ်ရေး ရေးဖြေစာမေးပွဲကို ယနေ့ နံနက် ၉ နာရီ က ဟိုပုံးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် လူရည်ချွန်စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade -9 (၃၆)ဦး၊ Grade -10 (၁၄)ဦးနှင့် Grade -11 (၁၂)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၆၂)ဦး ဝင်ရောက်ဖြေဆိုကြပြီး ယနေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ ဘာသာရပ်များကို ဖြေဆို၍ ၂၉-၁၁-၂၀၂၂ ရက်နေ့တွင် သင်္ချာဘာသာရပ်နှင့် အထွေထွေဗဟုသုတ ဘာသာရပ်များကို လည်းကောင်း၊ ၃၀-၁၁-၂၀၂၂ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှု စွမ်းရည်(၅)မျိုးနှင့် ယုံကြည်မှုဆန်းစစ်ခြင်းတို့ကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)