ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် မြို့နယ်အဆင့် မြန်မာစာနှင့်အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

နမ့်ဆန် နိုဝင်ဘာလ ၂၈ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြို့နယ်အဆင့် မြန်မာစာနှင့်အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ မြန်မာစာနှင့်အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး တို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။ စွမ်းရည်ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဦးမောင်မောင်လေး၏ စီစဉ်ကြီးကြပ်မှုဖြင့် အ.ထ.က (၁)တွင် ကျင်းပလျက်ရှိပြီး နမ့်ဆန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ လာရောက်ယှဉ်ပြိုင်ကြရာ မြို့နယ်အဆင့်ရေးဖြေ မြန်မာစာနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၂၉.၁၁.၂၀၂၂)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့ဖြေဆိုပြီး (၃၀.၁၁.၂၀၂၂)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှု စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)