ရန်ကုန် နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
စာအုပ်များငှာရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးရှိ ဝန်ထမ်းများက ဗဟုသုတရရှိစေမည့် စာအုပ်များကို ငှားရမ်းပေးပြီး ယခင်ငှားရမ်းထားသည့် စာအုပ်များအား ပြန်လည် သိမ်းဆည်းစာရင်းသွင်းခြင်းနှင့် စာအုပ်များအသစ်ပြန်လည် ငှာရမ်းပေးခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျစနစ် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ငှားရမ်းပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများအတွက် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများနှင့် ကလေးများအတွက် ပုံပြင်များကို Onlineမှ တစ်ဆင့် ထုတ်လွှင့်တင်ဆက် ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)