ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်မှုဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦးဘုန်းတော် ကြီးသင်ပညာရေးကျောင်းတွင်  ပြုလုပ်ခဲ့ကြောင်းသိရသည်။

သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညားပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟော ပြောပွဲကို ယမန်နေ့က ဗန္ဓုလရပ်ကွက်၊ အ.မ.က (မူလွန်)ကျောင်း၌ ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်တွင် နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍

တပ်ကုန်းမြို့၌ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်(အသား ကဏ္ဍ)ကျေးရွာစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရေအေး ကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပသည်။

ကျွန်းလှမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်ကွက် စံကွက်ရိတ်သိမ်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၂၉၂၊ တောင်သူ ဦးတင်မောင်လေး၏ မိုးစပါး ဧရာမင်း မျိုးစေ့ထုတ်ကွက် (၅) ဧကတွင် ယနေ့နံနက် ၈ နာရီက ၆ ဒသမ ၆ ပေပတ်လည် စံကွက်ရိတ်သိမ်းရာ တစ်ဧက အခြောက်ထွက်နှုန်း ၁၀၁ ဒသမ ၀၆ တင်း ထွက်ရှိကြောင်း သိရသည်။

အမျိုးသားစာပေဆုရ လူငယ်စာပေဆုရှင် စာရေးဆရာ အကြီးကိုကို (ကသာ) အား မြစ်ကြီးနားမြို့ လေဆိပ်၌ ဂုဏ်ပြုကြိုဆို

၂၀၂၁ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ဆုတက်ရောက်ယူခဲ့သည့် အမျိုးသားစာပေဆုရ လူငယ်စာပေဆုရှင် စာရေးဆရာ အကြီးကိုကို (ကသာ) အား မြစ်ကြီးနားမြို့ လေဆိပ်၌ ယမန်နေ့မွန်းလွဲပိုင်းက လှိုက်လှဲစွာဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံမျိုးစုံ (၇၁၈၇)ဧက စိုက်ပျိုးပြီးစီးကာ လျာထားချက်ထက် (၁၇၃၄)ဧက ကျော်လွန်စိုက်ပျိုးနိုင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံမျိုးစုံ (၇၁၈၇)ဧက စိုက်ပျိုးပြီးစီးကာ လျာထားချက်ထက် (၁၇၃၄)ဧက ကျော်လွန်စိုက်ပျိုး ပြီးဖြစ်ကြောင်း ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မြို့နယ်အဆင့် လူရည်ချွန်‌ရွေးချယ်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်‌ရွေးချယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့် ဘက်စုံထူးချွန်သည့် လူရည်ချွန်ရွေးချယ်မှု စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီ အချိန်က စတင်၍ ချောင်းဆုံ (အ.ထ.က) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to