မြောင်းမြမြို့၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို အ.ထ.က (၁) ပညာရတနာခန်းမတွင် ယနေ့နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။