နတ်မောက် နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန် အ.ထ.က(အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးဒေါ်သွယ်သွယ်အေးက “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “မူးယစ်အန္တရာယ် လူ့ရန်စွယ်လူကုန်ကူးခြင်း ကင်းဝေးဖို့ အားလုံးဝိုင်းဝန်း ပူးပေါင်းစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ မိုင်း အန္တရာယ်” အသိပညာပေးခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသူရက “မီးဘေးအန္တရာယ်ဆိုင်ရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးစည်သူလွင်က “ကြိုတင်ကာကွယ် သဘာ၀ဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဖြိုးအိအိဇော်က “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် ပြန်/ဆက် ဦးစီးဌာန၊ ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်းအင်အား (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှဝင်း