ဘူးသီးတောင် နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတေင်မြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ပညာ ထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။
လူရည်ချွန်စာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်း ဘာသာရပ်တို့ဖြင့် (၃)ရက်ကြာ ကျင်းပမည်ဖြစ်ရာ ယနေ့နံနက်ပိုင်း မြန်မာစာဘာသာရပ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ Grade-9 ကျောင်းသား၊ ကျောင်းသူ (၄)ဦး၊ Grade-10 ကျောင်းသား၊ ကျောင်းသူ (၇)ဦး၊ Grade-11 ကျောင်းသား၊ ကျောင်းသူ (၈)ဦး စုစုပေါင်း (၁၉)ဦး ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်စာမေးပွဲကို မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်နှင့် ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမကြီးများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)