ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးစရိတ် မြင့်မားမှုကြောင့် သီးနှံများရိတ်သိမ်းရချိန် ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်မှ တောင်သူများအနေဖြင့် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးပြုသည့်  စက်သုံးဆီနှင့် အခြားသွင်းအားစုပစ္စည်းများ ဈေးနှုန်းမြှင့်တက်မှုကြောင့် သီးနှံများရိတ်သိမ်းကာ ရောင်းချရချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြသည်။

မင်းလှမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲ စတင်ဖြေဆို ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပညာရေးဌာနမှ ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ စာရိတ္တကောင်းမွန်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို အ.ထ.က မင်းလှ (မြို့ပြင်) ကျောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆို ကျင်းပခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၌ ဆီထွက်သီးနှံ ​ဆောင်း​​နေကြာ (​ရေဆင်း-၁) စံပြစိုက်ခင်းများ ​အောင်မြင်ဖြစ်ထွန်း​မှုအား ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ဆီထွက်သီးနှံ ​ဆောင်းနေကြာ (​ရေဆင်း-၁) စိုက်ပျိုးထားရှိမှုနှင့် ​အောင်မြင်ဖြစ်ထွန်း​မှုအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များက ယမန်​နေ့က ပါပုကျေးရွာ​နေ ​တောင်သူဦးပြည့်စုံ၏ ယာ​မြေ​နေရာ၌ စိုက်ပျိုးထား​သော ​ဆောင်းနေကြာ (​ရေဆင်း-၁) စံပြစိုက်ခင်း ၃ ဧက ​နေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့​ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် မိုင်းပန်တပ်နယ်မှ အခြေခံစားကုန်နှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်ခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ဒေသခံပြည်သူများ ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာချုပ် မိုင်းပန်တပ်နယ်မှ မြို့မဈေးရှေ့တွင် ယနေ့နံနက် (၇)နာရီအချိန်က အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ရသေ့တောင်မြို့တွင် မြို့ကျက်သရေဆောင် စေတီတောင်ဘုရားအား ဗုဒ္ဓပူဇနိယပွဲမတိုင်မီ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော မြို့ကျက်သရေဆောင် စေတီတောင်ဘုရားပွဲတော်ကို နတ်တော်လဆန်း၁၃ ရက်နေ့မှ လပြည့်နေ့ထိ ဗုဒ္ဓပူဇနိယပွဲများ၊ ရွာရှင်နတ်ပူဇော်ပွဲများ၊

မတ္တရာမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းဝေး

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင်၊ အလှူရှင်များမှ စတုဒီသာ ကျွေးမွေးလှူဒါန်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များတွင်၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စေတနာရှင်များ၊ အလှူရှင်များတစ်ဦးချင်း(သို့) စုပေါင်းပြီး စတုဒီသာကျွေးမွေးလှူဒါန်းခြင်းကိုများ လုပ်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းတွင်

မြောင်းမြမြို့တွင် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်  သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၇)နာရီအချိန်က မြောင်းမြမြို့အတွင်းရှိ စျေးများအတွင်းတွင် ပလပ်စတစ်အိတ် မသုံးစွဲရနေ့အား သိရှိလိုက်နာကြရန်  အသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းပြုလုပ်

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်စာပေချစ်မြတ်နိုးသူများအဖွဲ့ ( Youth Club )နှင့်စာဖတ်ဝိုင်းကို စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု” စာအုပ်ဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်က အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်သည့် စစ်ကြောင်း(၅)ကြောင်းမှ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်သည့် စစ်ကြောင်း(၅) ကြောင်းမှ ယနေ့နံနက်ပိုင်းတွင် ကန်းစွန်းကျေးရွာအုပ်စုနှင့် လက်မဲပြင်ကျေးရွာအုပ်စုများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ပေးခဲ့​သည်။
Subscribe to