ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ခြင်းနှင့် ဓမ္မဂဝေသီ တက္ကသိုလ်ဓမ္မာရုံရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ

ဘားအံတက္ကသိုလ်၌ ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ ပွဲလမ်းသဘင်များ ဆင်ယင်ကျင်းပရာတွင် အသုံးပြုနိုင်ရန် ဓမ္မဂဝေသီတက္ကသိုလ်ဓမ္မာရုံကိုတည်ဆောက်ပြီးစီး၍ ယနေ့နံနက် ၉ နာရီခန့်က အဆိုပါဓမ္မာရုံအတွင်း သီတင်းသုံးတော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ခြင်းနှင့် ဓမ္မာရုံရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။

တစ်ခါတစ်ခေါက်တော့ လာရောက် လည်ပတ်စေချင် ထားဝယ်မြို့က မောင်းမကန် ကမ်းခြေဆီ

လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားသွားလာနေရသောနိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဘဝအတွက်နှင့် မိမိဘဝအတွက် ရုန်းကန် လှုပ်ရှားနေရသဖြင့် စိတ်ရော၊ ခန္ဓာကိုယ်ပါ ပင်ပန်းနွမ်း နယ်နေကြရသည်။ ယင်းသို့ ပင်ပန်းလျက်နှင့်ပင် မိသားစုစားဝတ်နေရေးအတွက် စိတ်အားတင်းကာမဖြစ်မနေ ရုန်းကန်နေကြရပြန်သည်။ လူအများစုသည် စီးပွားရေး၊ လူမှုရေးလုပ်ငန်းများဖြင့်သာ အချိန်ကုန်နေကြရင်း အနားယူအပန်းဖြေရမှန်းပင် သတိမထားမိဘဲ မျက်ကွယ်ပြုနေကြရသည်။ ဘဝပျော်ရွှင်ရေးအတွက် လူတိုင်းလူတိုင်းသည် အား လပ်ချိန်အနည်းငယ်ပေးပြီး အပန်းဖြေခရီးသွားရင်းဖြင့် စိတ်ရောကိုယ်ပါ အပန်းဖြေ အနားယူသင့်သည်။

ကွန်ဟိန်းမြို့၌ (၂၀)ကြိမ်မြောက် မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

 ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ (၂၀)ကြိမ်မြောက် မဟာကမ္ဘောဇ ပြည်ငြိမ်းအေးစေတီ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၇နာရီခွဲ အချိန်ခန့်က စေတီတော်မုခ်ဦးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့တွင် မြို့နယ်ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့နယ်၌ နွေစပါးတိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးရေး ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်၌ နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် နွေစပါးအထွက်နှုန်းများ တိုးတက်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန

ကျိုက်မရောမြို့နယ်၌ အပါတ်စဉ် ကျောင်းပိတ်ရက်တိုင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ယဉ်ကျေးလိမ္မာပြီး  ဘာသာတရားကို ငယ်စဉ်ကလေးဘဝမှစတင်၍ သိရှိနားလည် တန်ဖိုးထား လေးစားတတ်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ချက်ဖြင့် (YMBA)မှ ကြီးမှူး၍ အပတ်စစဉ် တနင်္ဂနွေနေ့တိုင်း  ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက် ၁၀ နာရီ  တွင် မေသရဖူ လူမှုရေးအသင်း ရုံးခန်းမ၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်စက်များ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်စက်မီးဘေးလုံခြုံရေး‌ ဆောင်ရွက်ထားမှုအခြေအနေများအား စစ်ဆေးခြင်းအား ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ် ဦးစီးမှူးဦး‌ ဆောင်သောအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to