ကာလိမြို့ အ.မ.က (မိုင်းယိုင်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အ.မ.က (မိုင်းယိုင်း)ကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်ခန့်က  စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စာမေးပွဲကျင်းပ

မွန်ပြည်နယ်  မုဒုံမြို့နယ်၌  ၂၀၂၂  -  ၂၀၂၃ ပညာသင်နှစ်  အခြေခံပညာအလယ်တန်း၊  အထက်တန်းမြို့နယ်အဆင့်  လူရည်ချွန်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၁)  အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ဆက်လက်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက သဲတော−ဝမ်းတွင်း အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် မဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သတ္တသတ္တာဟ(ပွင့်စေတီ) ဓမ္မာရုံ၌ ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီမှကြီးမှူး၍ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဆွမ်ပရာဘွမ်မြို့၌ အသက်မွေး၀မ်းကျောင်းအထောက်အကူပြု အခြေခံလက်သမားသင်တန်းနှင့် ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) အသက်မွေး ၀မ်းကျောင်း အထောက်အကူပြု အခြေခံလက်သမားသင်တန်းနှင့် ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေး၍ အခြေခံ ကိုယ်လက်ကြံ့ခိုင်ရေး အားကစားနည်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများတွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ်၊ ရေလျှံလေးကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ဇေယျဝတီဂျေပူ အထကကျောင်းတို့တွင် ကျောင်းသား/ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး၍ အခြေခံကိုယ်လက်ကြံ့ခိုင်ရေး အားကစားနည်းများ ဆောင်ရွက်ပေးပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် Community Centre ၌ စာရေးဆရာ မောင်မင်းစိုး၏ မအောင်မြင်ခြင်း ဇစ်မြစ်များနှင့် အခြားလူငယ်လမ်းညွှန်ဆောင်းပါးများ စာအုပ်စာဖတ်ဝိုင်းနှင့် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် စာပေချစ်သူများအဖွဲ့တို့ပူးပေါင်း၍ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲက ပုလောမြို့နယ် Community Centre ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်၌ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲတီစိမ်းစိုက် တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်တွင် ဆီနှင့် ကြက်ဥများအား သက်သာသော ဈေးနှုန်းဖြင့်‌ ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်  ယနေ့နံနက် (၈) အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများအား ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to