ကျွန်းစု နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူး၍ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့ပေါ်အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက အခြေခံပညာကျောင်းအုပ် ဆရာ၊ ဆရာမများ အုပ်ချုပ်မှုစွမ်းဆောင်ရည် မြင့်မားလာစေရန်အတွက် ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲကိုစတင်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက သင်ကြားသင်ယူမှုဆိုင်ရာ လုပ်ငန်း များအား လည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရစိုးက စီမံဘဏ္ဍာရေးဆိုင်ရာ ပို့ချချက်များအား လည်းကောင်း ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် ထက်၊ လယ်၊ မူ ကျောင်းအုပ် ဆရာ၊ ဆရာမ (၁၀၆) ဦး တက်ရောက်လျက်ရှိပြီး နိုဝင်ဘာလ (၂၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)