နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့် အခြေခံပညာ လူရည်ချွန် ရွေးချယ်ခြင်း စာမေးပွဲ ကျင်းပပြုလုပ်

နောင်ချို နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ တွင် ပညာသင်ကြားလျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများအား လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို နိုဝင်ဘာလ ယနေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စတင်ဆောင်ရွက် ပေးလျက်ရှိရာ စာမေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူ Grade 9 (၂၈) ဦး၊ Grade 10 (၁၉) ဦး၊ Grade 11 (၂၁) ဦး စုစုပေါင်း (၆၈) တို့ ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

မြို့နယ်အဆင့် အခြေခံပညာ လူရည်ချွန်များ စိစစ်ရွေးချယ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ လူတော်လူကောင်းများ ဖြစ်ကြပြီး ကာယ၊ ညာဏ၊ စာရိတ္တ ဘက်စုံထူးချွန်ထက်မြက်သော လူရည်ချွန်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်း၊  အထွေထွေဗဟုသုတနှင့် မြန်မာစာ၊ အင်္ဂလိပ်စာ စသည့် ကဏ္ဍများအလိုက် ရေးဖြေ၊ နှုတ်ဖြေ လူတွေ့ စစ်ဆေးခြင်း၊ ကျောင်းလုပ်ငန်းများ ဆောင်ရွက်မှု စသည်တို့ကို ရွေးချယ်အကဲဖြတ်၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူရည်ချွန်စာမေးပွဲအား ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ၃၀ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(၊ပြန်/ဆက်)