နတ်မောက် နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ တွင် ကျောင်းကုန်းကျေးရွာအုပ်စု ပေါက်ကံကွင်းရှိ တောင်သူ ဦးထွန်းထွန်းစိုး၏ လယ်မြေတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းအောင်ဇော်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများက ကွင်းအမှတ် (၈၄၄) ဦးပိုင် အမှတ် (၈၉/၁) စိုက်ပျိုးထားသည့် ဆင်းသုခစပါးမျိုးကွဲ၏ (သင့်) အဆင့်အတန်းကိုယ်စားပြု မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကစပါးအစိုထွက် (၉၀)တင်းထွက်ရှိကြောင်း သိရသည်။
လှဝင်း