ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆို

ပင်လောင်း နိုဝင်ဘာ ၂၈

ရှမ်ပြည်နယ်တောင်ပိုင်း ပအိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ဖြေဆို​ခြင်းကို အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ပြုလုပ်ခဲ့သည်။

 လူရည်ချွန်ရွေးချယ်ခွင့်ဖြေဆိုရာတွင် ယနေ့နံနက်ပိုင်းက မြန်စာဘာသာရပ်နှင့် မွန်းလွဲ ၁ နာရီအချိန်တွင် အင်္ဂလိပ်ဘာသာရပ်​ကိုလည်းကောင်း၊ နိုဝင်ဘာလ (၂၉) ရက်နေ့နှင့် (၃၀) ရက်နေ့တွင် အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းများကိုလည်းကောင်း ဆက်လက်ဖြေဆိုသွားရမည်​ဖြစ်ပြီး၊ ပင်လောင်းမြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ လူရည်ချွန် ရွေးချယ်ခွင့်ဖြေဆိုသူ Grade-9 မှ ကျောင်းသား၊ ကျောင်းသူ (၃၁) ဦး၊ Grade-10  (၃၁) ဦး၊  Grade-11 (၃၁) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ခွန်အာကာစိုး ပင်လောင်း