မြို့သစ် နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တပ်ကုန်းအုပ်စု ထန်းရင်းကျေးရွာတွင် ဟင်းသီးဟင်းရွက်သီးနှံများကို ရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ခရမ်းချွန်သီးများ စိုက်ပျိုးခြင်းဖြင့် မိသားစု ဝင်ငွေရရှိနေကြောင်း သိရသည်။ ခရမ်းချွန်စိုက်ပျိုးနိုင်စေရန် မြေကို ထယ်ရေးညက်အောင် ထွန်ယက်ကာ ဘောင်တင်ခြင်း၊ မြောင်းဖော်ခြင်များ ပြုလုပ်ကာ စိုက်ပျိုးရသည်ဖြစ်တဲ့အတွက် အလုပ်သမားငှားမည်ဆိုပါက တစ်နေ့ကို ၆၀၀၀ ကျပ်ဖြင့် ငှားရမ်းလုပ်ကိုင်ရသည် ဖြစ်တဲ့အတွက် ကုန်ကျစရိတ်နည်းပါးခြင်း ကြောင့် အဆိုပါ ခရမ်းချွန်သီးပင်ကိုစိုက်ပျိုးခြင်း ဖြစ်သည်။
အဆိုပါ ခရမ်းချွန်ပင်များကို ယခင်က နေအိမ်ခြံဝင်းများအတွင်း မိသားစုစားသုံးရန် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသော်လည်း ယခုအခါ ယာမြေများတွင် ကိုယ်ပိုင်ရေတွင်းတူးကာ ရေတင်ပြီး ရာသီမရွေးစီးပွားဖြစ် စိုက်ပျိုးလာခြင်းကြောင့် မိသားစုစားဝတ် နေရေးအတွက် အဆင်ပြေလျက်ရှိပါကြောင်း တောင်သူဦးဇော်ဝင်းထံမှ သိရသည်။
ကိုဇော်(ပြန်/ဆက်)