ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က အ-ထ-က(ရွှေကျင်) အခြေခံပညာအထက်တန်းကျောင်း၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပထမအသုတ် ကျပ်သိန်း(၅၀၀၀)အား စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ကိုင်သူများအား မတည်ရန်ပုံငွေအဖြစ် ထောက်ပံ့ချေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းမြို့၌ ပြည်သူများ၏ အကျိုးစီးပွား မြှင့်တင်နိုင်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

သာယာဝတီမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲကို  ယမန်နေ့ နံနက် ၉ နာရီ က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရမ်းဗြဲမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၈ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ကြသည်။

ရေတာရှည်မြို့နယ်တွင် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့ နယ်တွင် အခြေခံပညာဦးစီးဌာန၏ စီမံမှုဖြင့် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲစစ်ဆေးခြင်းကို ယမန်​နေ့ နံနက်ပိုင်းက စတင်၍  အ​ခြေခံပညာအထက်တန်း​ကျောင်း(​ရေတာရှည်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က အထက(သနပ်ပင်)အခြေခံပညာအထက်တန်းကျောင်း၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

MOU စနစ်ဖြင့်အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေးလုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမား(၁၅၀)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန်ထွက်ခွာသွားကြောင်း သိရသည်။

ချောက်​မြို့၌ မြို့နယ်အဆင့် လူရည်ချွန်စာ​မေးပွဲစတင်​ဖြေဆို

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ် အမှတ်(၁)အ​​ခြေခံပညာအထက်တန်း​ကျောင်း၌ ယမန်​နေ့နံနက် (၉)နာရီအချိန်က မြို့နယ်အဆင့်လူရည်ချွန်စာ​မေးပွဲ စတင်ဖြေဆိုလျက်ရှိရာ  ခရိုင်ပညာ​ရေးမှူး ဦးမန်း​အောင်၊ မြို့နယ်ပညာ​ရေးမှူး​ ဒေါ်ခင်​လေးဖြူ တို့က အနီးကပ် ကြီးကြပ်​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကြို/ပို့ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ ကြို/ပို့ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ကျောင်းကုန်းမြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပ

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည် ထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ကျောင်းသားလူငယ်များ အဖြစ် လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် လူရည်ချွန် စီမံကိန်းများ ဆောင်ရွက်ရန် လူရည်ချွန်စိစစ်ရွေးချယ်ရေးကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to