ဝေါ နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲတီစိမ်းစိုက် တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးခရိုင် စိုက်ပျိုးရေးညှိနှိုင်းမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပဲတီစိမ်းစိုက်ပျိုးသော တောင်သူများအတွက် (၁) ဧကလျှင် (၁၂၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် လိုအပ်လျက်ရှိသော သွင်းအားစုများဖြစ်သည့် မြေဩဇာနှင့် ပိုးသတ်ဆေးရရှိရေး ထောက်ပံ့ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုတန်ဖိုးနှင့်ညီမျှသော ပဲတီစိမ်းများအား တောင်သူများက ပြန်လည်ရောင်းချ ပေးဆပ်ခြင်းအပါအဝင် ပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပဲခူးခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပဲတီစိမ်း စိုက်ပျိုးသော တောင်သူများတွေ့ဆုံ၍ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး ဝေါမြို့နယ်အတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ဧက (၁၆၅၂၉) ဧကခန့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)