ကာလိမြို့ အ.မ.က (မိုင်းယိုင်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ကာလိ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အ.မ.က (မိုင်းယိုင်း)ကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်ခန့်က  စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတဆိုင်ရာ အကြောင်းအရာများကို ဟောပြောပေးခဲ့ပြီး၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ငုဝါက တေဇရုပ်စုံ ရုပ်ပြစာအုပ်မှ “လှပသောဒေါင်းတောင်များ” ပုံပြင်စာအုပ်ဖြင့်လည်ကောင်း၊ အ.မ.က(မိုင်းယိုင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမီကိုကိုက “ ပုစဉ်းရင်ကွဲ” ပုံပြင်စာအုပ်ဖြင့်လည်ကောင်း၊ ဆရာမ ဒေါ်နန်းနွန်းလူက “မိတ်ဆွေငါးဦး” ပုံပြင်စာအုပ်ဖြင့်လည်ကောင်း ပုံပြင်များဖတ်ပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများကို သုတ၊ ရသစာအုပ်များ ဖတ်ရှု့စေပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်များ အခမဲ့ ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ပြန်/ဆက်)