မုဒုံမြို့၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စာမေးပွဲကျင်းပ

မုဒုံ နိုဝင်ဘာ ၂၈

မွန်ပြည်နယ်  မုဒုံမြို့နယ်၌  ၂၀၂၂  -  ၂၀၂၃ ပညာသင်နှစ်  အခြေခံပညာအလယ်တန်း၊  အထက်တန်းမြို့နယ်အဆင့်  လူရည်ချွန်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် ()  အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေးနှင့် ဘက်စုံပညာထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ရန် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်း များမှ အဋ္ဌမတန်း ကျောင်းသား/သူ ၃၁ ဦး၊ ဒသမတန်း ကျောင်းသား/သူ ၂၀ ဦး၊ ဧကာဒသမ တန်း ကျောင်းသား/သူ ၂၀ ဦး စုစုပေါင်း ၇၁ ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတဘာသာရပ်တို့ကို ဖြေဆိုသွားမည်ဖြစ်သည်။

ဆက်လက်၍ လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို မုဒုံမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရွေးချယ်ခံရသည့် ကျောင်းသား/သူများအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်နယ် အဆင့် မော်လမြိုင်မြို့တွင် သွားရောက်ဖြေဆိုရမည်ဖြစ်ကြောင်းသိရသည်။

သားငယ် (ပြန်/ဆက်)