ဝမ်းတွင်း နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက သဲတော−ဝမ်းတွင်း အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စွမ်းရည်ပြိုင်တွင် သင်္ချာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်တို့ကို နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး လူတွေ့ နှုတ်ဖြေပြိုင်ပွဲကို နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် Grade-5 မှ Grade-9 ထိ ကျောင်းသား/ ကျောင်းသူ(၁၃၈)ဦး ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် Grade-5မှ Grade-9 ထိ (၁၁၄) ဦး၊ စုစုပေါင်း(၂၅၂)ဦး ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါစွမ်းရည်ပြိုင်သို့ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ သဲတော−ဝမ်းတွင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင့်နှင့် ဆရာ/ဆရာမများ၏ ကြီးကြပ်မှုဖြင့် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)