ပုလော နိုဝင်ဘာလ ၂၈
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် စာပေချစ်သူများအဖွဲ့တို့ပူးပေါင်း၍ ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲကို နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲက ပုလောမြို့နယ် Community Centre ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ စာပေချစ်သူများအဖွဲ့မှ အဖွဲ့ဝင် ဒေါ်မြတ်သီရိမွန်နှင့် မသင်းသင်းစိုးက စာရေးဆရာ မောင်မင်းစိုး၏ မအောင်မြင်ခြင်း ဇစ်မြစ်များနှင့် အခြားလူငယ်လမ်းညွှန်ဆောင်းပါးများ စာအုပ်ကို ဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကာယ/ ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် စာပေ၏အကျိုးကျေးဇူးနှင့် တန်ဖိုးကို မြတ်နိုးခံစားနိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ပြောကြားကြောင်း သိရသည်။
အေးအေးမော်(ပုလော)