တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်တွင် ဆီနှင့် ကြက်ဥများအား သက်သာသော ဈေးနှုန်းဖြင့်‌ ရောင်းချပေး

တောင်ဥက္ကလာပ နိုဝင်ဘာ  ၂၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်  ယနေ့နံနက် (၈) အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန် ဆီနှင့် ကြက်ဥများအား ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့သို့ရောင်းချရာတွင် စားဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ် နှုန်း ဖြင့် ပြည်သူများလက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချမှုတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင် သာယာဦးစီးဌာန၊ လူမှုကူညီ‌ရေးအသင်းအဖွဲ့များ၊ အမှတ် (၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)