ဆွမ်ပရာဘွမ်မြို့၌ အသက်မွေး၀မ်းကျောင်းအထောက်အကူပြု အခြေခံလက်သမားသင်တန်းနှင့် ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ဆွမ်ပရာဘွမ်   နို၀င်ဘာ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) အသက်မွေး ၀မ်းကျောင်း အထောက်အကူပြု အခြေခံလက်သမားသင်တန်းနှင့် ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနား၌ ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမှာစကားပြောကြားပြီး ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလက်သမားသင်တန်းနှင့် ပန်းရံသင်တန်း အမှတ်စဉ် ၁/၂၀၂၂ သင်တန်းအား နိုဝင်ဘာ ၁၄ ရက်မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားရာ သင်တန်းဆင်းပွဲတွင် အခြေခံလက်သမား သင်တန်းနှင့် ပန်းရံသင်တန်းအတတ်ပညာအား လက်တွေ့အသုံးချနိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ပြီးစီးဆောင်ရွက်မှုအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်း​ဆင်းပွဲတွင် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ သင်တန်းနည်းပြအား အမှတ်တရလက်ဆောင် ပေးအပ်ခြင်း၊ သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခြင်းအား တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများ တက်ရောက် ကာ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

April moe(ဆွမ်ပရာဘွမ်)