ညောင်ဦးမြို့နယ်၌ ရွေးကောက်ပွဲအကြိုကာလ မီးဘေးအန္တရာယ်ကင်းရှင်းရေး မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်နှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ရွေးကောက်ပွဲအကြိုကာလ ရပ်ကွက်/ကျေးရွာများနှင့် မဲရုံ၊ မဲရုံပတ်ဝန်းကျင်များ မီးဘေးကြိုတင်ကာကွယ်ရေး လှည့်လည်နှိုးဆော်ခြင်းကို ဒီဇင်ဘာ ၂၂ ရက်၊ နံနက် ၁၀ နာရီခွဲက မီးဘေးအန္တရာယ်ကင်းရှင်းရေး လှည့်လည်နှိုးဆောင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း (၃/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း(၃/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ(၂)၌ ကျင်းပခဲ့သည်။

စလင်းမြို့နယ်၌ မဲ​​​ပေးခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီး အသစ်လဲလှယ်သူများအား နေ့ချင်းပြီး ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအား ယနေ့ နံနက်ပိုင်းမှ စတင်ပြီး အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကွင်းဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့တွင် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က တံတားဦးမြို့ ပြည်သူ့အားကစားပြိုင်ကွင်း၌ ကျင်းပကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့ ရုံးရှေ့မြေစိုက်ဘုတ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ နံရံကပ်စာစောင် ပြသ

မကွေးတိုးင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာ သိရှိနိုင်စေရန် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိခြင်းကို ယနေ့တွင် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသထားခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကျင်းပ

ကရင်တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကရင်သက္ကရဇ်၂၇၆၅ ခုနှစ်၊၂၀၂၅ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့  အခမ်းအနားကို ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့တွင် ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၉ ရက်နေ့နံနက် ၅ နာရီက ကရင်နှစ်ကူးတောင်ထိပ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ သံပုယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးဈေးနှုန်းမြှင့်တက်လာသဖြင့် စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သံပုယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခင်က နှစ်တင်းခွဲအိတ်တစ်လုံးအား ငွေ (၃၀၀၀၀) ကျပ်ဖြင့် ရောင်းချရပြီး ယခုအခါ ငွေ (၅၅၀၀၀) ကျပ်ဖြင့် အသီးဈေးနှုန်းမြှင့်တက်ရောင်းချရသဖြင့် သံပုယိုစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးရောင်းချသူသည့် တောင်သူတစ်ဦးထံမှ သိရသည်။

ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဒီဇင်ဘာလအတွက် ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဒီဇင်ဘာလအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် (၆) နာရီမှစတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး တတိယအကြိမ် တိုက်ဆိုင်စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ဒါနဟိတဓမ္မဗိမာန်တော်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်လျက်ရှိသည်။

မင်းတုန်းမြို့တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက ကျောင်းအကျိုးတော်ဆောင်၏ ရည်ရွယ်ချက်များ၊ ကျောင်းသား/ကျောင်သူများ၏ အားနည်းသည့် ဘာသာရပ်များကို ဂရုစိုက်သင်ကြားရေးဆွေးနွေးခဲ့ပြီး အ.ထ.က ကျောင်းအုပ်များ၊ ဘာသာရပ်သင်အလိုက် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဘာသာရပ်သင် ဘော်ဒါဆောင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to